တစ်ခါတစ်လေမှာချစ်သူပေးတဲ့
အကြင်နာတရားတွေကြောင့်
ငါ့ရင်ခွင်ထဲနွေးထွေးခဲ့ရတယ်။
တစ်ခါတစ်လေမှာတော့ချစ်သူပြောတဲ့
ချစ်စကားလေးတွေကြောင့်
နှလုံးသားအစုံမှာလှိုက်ဖိုခဲ့ရတယ်။
တစ်ခါတစ်လေကျပြန်တော့ချစ်သူပေးတဲ့
အကြင်နာအနမ်းလေးတွေကို
ငတ်မွတ်စွာနမ်းရှိုက်နေခဲ့တယ်။
တစ်ခါတစ်လေချစ်သူပြောတဲ့
စကားလေးတွေကြောင့်
ဝမ်းနည်းဝမ်းသာခံစားရတယ်။
တစ်ခါတစ်လေကျပြန်တော့ချစ်သူက
ဥပေက္ခာတရားနဲ့ ပစ်ထားတော့
ဝမ်းနည်းတဲ့စိတ်အစဉ်နဲ့ 
စိတ်မကောင်းဖြစ်မိတယ်။
ဘာပဲပြောပြောချစ်သူဆိုတာ
ငါ့အတွက်တော့............
ငါ့ရင်ကိုအေးမြစေခဲ့
ငွေစန္ဒာလမင်းပါ။
မိုင်းချစ်တား
ကြယ်ပွင့်
Monday, October 4, 2010
ချစ်နေမယ် အဆုံးတစ်သက်
ပူဆွေး ဒုက္ခ
ခြောက်သွေ့အသည်း
မစိမ်းလန်းသော်
ချစ်နေမြဲ
အမြဲနင်ရှိ ငါ့အတွေးထဲ
တရံတစ်ခါမှမမေ့
စိုးမိုးအချိန်တိုင်း
မပြောင်းလဲနိုင် တခြားလူ
ပြိုပါစေ ကောင်းကင်
ကွဲပါစေ မြေကြီး
ခမ်းသွားပါစေ သမုဒ္ဒရာ
ငါမသေသရွေ့
ငါ့ဘ၀နဲ့ရင်း
ပုံကာပေးဆပ်
နင် ပြန်ချစ်ချစ် မချစ်ချစ်
ငါချစ်နေမှာ အဆုံးတစ်သက်. . . ။ ။
မိုင်းချစ်တား
ခြောက်သွေ့အသည်း
မစိမ်းလန်းသော်
ချစ်နေမြဲ
အမြဲနင်ရှိ ငါ့အတွေးထဲ
တရံတစ်ခါမှမမေ့
စိုးမိုးအချိန်တိုင်း
မပြောင်းလဲနိုင် တခြားလူ
ပြိုပါစေ ကောင်းကင်
ကွဲပါစေ မြေကြီး
ခမ်းသွားပါစေ သမုဒ္ဒရာ
ငါမသေသရွေ့
ငါ့ဘ၀နဲ့ရင်း
ပုံကာပေးဆပ်
နင် ပြန်ချစ်ချစ် မချစ်ချစ်
ငါချစ်နေမှာ အဆုံးတစ်သက်. . . ။ ။
မိုင်းချစ်တား
Friday, September 17, 2010
မင်းမရှိတဲ့နေ့ ရက်များ
လူတွေပြောတဲ့ ဒဏ္ဍရီတွေကို
မယုံကြည်ခဲ့တဲ့ ငါ
အလွမ်းအဆွေးတွေကို
လက်တွေ့ ကျကျခံစားနေရပြီ
မင်းမရှိတော့လွမ်းလိုက်တာ
မြင်မြင်သမျှအရာတွေလည်း
ကန္တရတွေဖြစ်
ရင်ခွင်မှာတော့
မျက်ရည်မြစ်တွေ တစ်ခုပြီးတစ်ခုစီးဆင်း
အရင်က ဖြဲစပ်ဖြဲစပ် ငါ့မျက်နှာလည်း
ခပ်တည်တည်အရောင်တွေပြောင်းလာတတ်ပြီ
ယောင်လို့ တောင်မပြုံးနိုင်ဘူး
ချစ်သူရယ်
အနားမှာ မင်းမရှိနေပေမယ့်
အိပ်မက်ထဲမှာတော့
အချိန်ပြည့်နတ်သမီးတစ်ပါးပါပဲ
မင်းရဲ့အိပ်မက်ထဲမှာလည်း
ငါနေခွင်ရချင်ပါတယ်။
မင်းကိုတွေ့ ရင်ပြောမယ့်
စကားလေးတွေတည်ဆောက်ရင်း
အရူးတစ်ပိုင်းနဲ့ 
မျှော်လင့်ခဲ့သူပါ။
ပြက္ခဒိန်စာရွက်ကိုလှမ်းရင်း
ပြန်လာမယ့်နေ့ ကို ရေတွက်လို့ 
မင်းရဲ့အကြောင်းတွေတွေးတောရင်း
အမြန်ပြန်လာခဲ့ပါတော့-လို့ 
အော်ခေါ်နေမိတယ်။
မိုင်းချစ်တား။
Subscribe to:
Posts (Atom)