Friday, August 27, 2010

ပေးဆပ်နေမယ့်ဒီချစ်ခြင်း

မှောင်မိုက်တဲ့အခန်းငယ်လေးထဲ
အထီးကျန်မှုတွေနဲ့အတူ..
နေသားကျနေတဲ့ငါ့ရင်ထဲ
အလင်းတန်းလေးလိုမင်းဝင်ရောက်ပြီး
အလင်းရောင်တွေဖြန့်ကျက်ပေးခဲ့တယ်..
မင်းနဲ့အတူရှိနေတဲ့အချိန်တိုင်းမှာ
ငါကပျော်ရွင်နေခဲ့မိတာပေါ့
ဒါပေမဲ့...
အလင်းတန်းလေးရယ်...
မင်းအပေါ်ထားရှိခဲ့တဲ့
ငါ့ကိုယ်ငါ့ချစ်တဲ့အချစ်တွေထက်
မင်းကိုပိုချစ်မိခဲ့တာတော့အမှန်ပါ..
မင်းကိုငါ့နံဘေးမှာအမြဲရှိနေစေချင်ပေမဲ့
အချစ်ဆိုတာ..
ပေးဆပ်ခြင်းလို့ငါခံယူတယ်လေ။
ငါ့အပေါ်ကိုမင်းချစ်နေမှန်းသိနေပေမယ့်လည်း
ဆုံနိုင်ရန်မရေရာတဲ့
ဒီအချစ်တွေအတွက်
ငါ့ရင်ထဲကစကားလေးတစ်ခွန်းက
မဆုံနိုင်မယ့်တစ်နေ့မင်းကိုနာကျင်စေမှာကို
ငါမလိုလားခဲ့တာပါ။
ဒီရင်ထဲကခံစားချက်လေးတစ်ခုကို
ရင်ထဲမှာသိုဝှက်ထားရင်း
ဒီအခန်းငယ်လေးထဲမှာပဲ
အထီးကျန်ဆန်မှုတွေကိုအဖော်ပြုလို့
ငါ့နှလုံးခုန်သံရပ်တန့်သွားသည့်တိုင်အောင်
ဒီစကားလေးတစ်ခွန်းကိုယူဆောင်သွားမှာပါ။

မိုင်း

No comments:

Post a Comment