အလွမ်း............
ဘယ်သူတွေစသုံးခဲ့လဲဆိုတာအမှန်မသိပေမယ့်
နှလုံးသားလေးတစ်ခုကတော့
အချိန်မှန်လွမ်းတတ်နေပြီ။
ကာလတစ်ခုလည်းကြာခဲ့ပြီ
နားလည်မှုလည်းပိုခဲ့ပြီ။
စိတ်ကူးထဲကနေ့ ရက်တွေက
အဆုံးအစမဲ့နေ့ ရက်တွေတိုင်ပျော်ရွှင်ဖို့ 
တူညီတဲ့ဆန္ဒတစ်စုံက
တွဲလက်တွေခိုင်မြဲစေဖို့ 
နေနေရတာတစ်ယောက်တစ်နေရာ
အချိန်တိုင်းမှာလွမ်းနေရတာ
နားလည်မှုနဲ့ သစ္စာအရင်းတည်
ယနေ့ မှစနှစ်ပေါင်းများစွာ
တို့နှစ်ယောက်တွဲလက်ခိုင်မြဲပါစေလို့ 
လွမ်းမျက်ရည်ဝဲစွာနဲ့ 
တိတ်တခိုးဆုတောင်း နေမိတယ်--။
မိုင်း
No comments:
Post a Comment