Friday, September 17, 2010

မင်းမရှိတဲ့နေ့ ရက်များ

လူတွေပြောတဲ့ ဒဏ္ဍရီတွေကို

မယုံကြည်ခဲ့တဲ့ ငါ

အလွမ်းအဆွေးတွေကို

လက်တွေ့ ကျကျခံစားနေရပြီ

မင်းမရှိတော့လွမ်းလိုက်တာ

မြင်မြင်သမျှအရာတွေလည်း

ကန္တရတွေဖြစ်

ရင်ခွင်မှာတော့

မျက်ရည်မြစ်တွေ တစ်ခုပြီးတစ်ခုစီးဆင်း

အရင်က ဖြဲစပ်ဖြဲစပ် ငါ့မျက်နှာလည်း

ခပ်တည်တည်အရောင်တွေပြောင်းလာတတ်ပြီ

ယောင်လို့ တောင်မပြုံးနိုင်ဘူး

ချစ်သူရယ်

အနားမှာ မင်းမရှိနေပေမယ့်

အိပ်မက်ထဲမှာတော့

အချိန်ပြည့်နတ်သမီးတစ်ပါးပါပဲ

မင်းရဲ့အိပ်မက်ထဲမှာလည်း

ငါနေခွင်ရချင်ပါတယ်။

မင်းကိုတွေ့ ရင်ပြောမယ့်

စကားလေးတွေတည်ဆောက်ရင်း

အရူးတစ်ပိုင်းနဲ့ 

မျှော်လင့်ခဲ့သူပါ။

ပြက္ခဒိန်စာရွက်ကိုလှမ်းရင်း

ပြန်လာမယ့်နေ့ ကို ရေတွက်လို့ 

မင်းရဲ့အကြောင်းတွေတွေးတောရင်း

အမြန်ပြန်လာခဲ့ပါတော့-လို့ 

အော်ခေါ်နေမိတယ်။


မိုင်းချစ်တား။

Thursday, September 16, 2010

အတ္တ=အသိ

မနက်မိုးလင်းတိုင်းဘဲ
လိုအင်များစွာအတွက် ပူပန်ခဲ့ရ
အပူများစွာအတွက် သောကရောက်ရနဲ့ 
သံသရာလည်နေတဲ့ ဒီလူဘုံထဲ
အတ္တ စေညွန်ရာကို လိုက်ပါလို့ 
ဒီလိုအခြေအနေတွေကြားမှာ
မင်း ဘယ်လောက်သိသလဲ မေးရင်
ဘာမှမသိဘူး ဖြေမယ့်အစား
နည်းနည်းသိတယ်လို့ ဖြေမိပါရဲ့
(တကယ်လည်း နည်းနည်းသိသလို)
ဘာသိသလဲလို့ ထပ်မေးရင်
အဖြေက စမ်းတ၀ါးဝါး
ဘာမှမသိတာကို မသိပါဘူးလို့ 
သိနေတယ် ဆိုရင်ဘဲ
ဒါဟာ သိခြင်းတစ်မျိုးမှန်းသိရင်
အစကတည်းက ဘာမှမသိပါဘူး--။

မိုင်းတား-- ။

ခိုင်မြဲသောချစ်ခြင်း

နေရောင်လာရင် ကွယ်ပျောက်မှာစိုး
ဖြူစင်တဲ့ အေးမျှခြင်းတွေနဲ့
ဘ၀တစ်ခု ချမ်းမြေ့ဖို့
ကိုယ်အနားမှာ အမြဲနေပါလား ယားရယ်။

လောကအလယ် ငိုနေရမှာစိုး
ရှင်းသန့်တဲ့ မင်းရဲ့အားပေးမှုတွေနဲ့
ဘ၀တစ်ခု ပျော်ရွင်စေဖို့
ကိုယ်အနားမှာ အမြဲနေပါလား ယားရယ်။

ခိုင်မာသော အတွေးများနဲ့ 
တို့ အချစ်တွေခိုင်မြဲစေဖို့ 
အချစ်လောက မှာအမြဲသာယာဖို့ 
အဆင့်အတန်းခွဲခြားခြင်းဆိုတာမရှိရင်
အကောင်းသာနော် ယားရယ်။

မိုင်းတား--။

Monday, September 13, 2010

စွဲလန်းခြင်း

စွဲလန်းတပ်မက်စွာ ရူးမတတ်ချစ်ရသူမို့ 
မင်းလေးသာ ထားခဲ့မယ်ဆိုရင်
အအိပ်ပျက် အစားပျက် ဘ၀နှင့်
တစ်စစ လုံးပါးပါး ပါလိမ့်မယ်……

တစ်နေ့ တစ်ကြိမ် လောက်မှ
မင်းရဲ့ချိုမြိန်သာယာ ငြိမ့်ငြောင်းတဲ့
အသံလေးမကြားရရင်
မနေတတ်မထိုင်တတ်
အရူးတစ်ယောက်လို ဖြစ်ရသူမို့ 
နေ့ တိုင်း ဖုန်းပြောပါရစေနော်………

နင့်ကိုလေ မိုးကောင်ကင်က
မိုင်းစက်တစ်ပွင့်လို
မျှော်လင့်ရူးမူး တပ်မက်ခဲ့သူပါ….

နင်က ငါ့ရဲ့ ပထမဆုံး ကဗျာတစ်ပုဒ်
ငါဖတ်တတ်ခဲ့တဲ့
ပထမဦးဆုံး နှလုံးသားကျမ်းစာအုပ်ပါ…

ရင်ထဲမှာ အမြစ်တွယ်နေတဲ့
အချစ်ကင်ဆဆာလေ
ဘယ်လိုမှပြင်ဆင်မရခဲ့…….

ပင်ပန်းတယ်ဆိုလဲ ပင်ပန်းခဲ့ပြီလေ
နွမ်းလျှခဲ့တဲ့ စိတ်တွေ
နွေခေါင်ခေါင် မီးလောင်သလိုပါပဲ
ဒါပေမယ့် ရှောင်ကွင်းသွားဖို့ တော့
ဘယ်တုန်းကမှ စိတ်မကူးခဲ့ပါဘူး
အမှောင်ထဲပဲ ဆက်လျှောက်ချင်မိတယ်
နင်ကို ရူးမိုက်စွာ ထာဝရ ချစ်သွားမယ်….

မိုင်းတား

Tuesday, September 7, 2010

`အချစ်ဆုံး´


ဝေးနေတုန်းကလည်း ဝေးလို့မို့ ချစ်နေမိတာပဲ...
နီးစပ်နေတုန်းလည်း နီးစပ်နေလို့ ချစ်နေမိတာပဲ...
ရာသီ်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊
နေရာတွေ ဘယ်လိုပဲ ဝေးဝေး၊
မင်းကတော့ ငါ့ရဲ့ အချစ်ဆုံးပါ ချစ်သူ...
နွေနေ့ခင်း ပူပြင်းလည်း မင်းကို ငါ သတိရတယ်၊
မိုးဖွဲလေးတွေ ရွာသွန်းလည်း မင်းကို ငါ သတိရတယ်၊
ဆောင်းနှင်းတွေ ကျဆင်းလည်း မင်းကို ငါ သတိရတယ် ချစ်သူ...
အိပ်ရာထ၊ အိပ်ရာဝင်တိုင်း မင်းမျက်နှာကို မြင်ယောင်နေမိတယ်၊
အောက်နှုတ်ခမ်းနဲ့ အပေါ်နှုတ်ခမ်းထိတိုင်း ငါမင်းကို လွမ်းနေမိတယ်၊
အချစ်ဆုံး...အချစ်ဆုံး...သူများတွေ ပြောတိုင်း ငါရယ်နေမိတယ်၊
အရူးတွေလို့ ထင်နေခဲ့မိတယ်၊ ငါ မင်းကို ချစ်မိတော့မှ
အရူးဆိုတဲ့ ဂုဏ်ပုဒ်ကို ငါ ကျေကျေနပ်နပ် ခံယူခဲ့တယ် ချစ်သူ.

မိုင်းတား

Saturday, September 4, 2010

အလွမ်း

လွမ်းတယ်........
လွမ်းနေမိတာ အပြစ်တခုလိုမြင်ရင်
တို့ လေ- ပြစ်မှုသန်းပေါင်းမက ကျူးလွန်နေမိပြီ
တို့ ဟာ အပြစ်ကြီးသူတဦးဖြစ်နေပြီ
ဘာလို့ လဲဆိုတော့
တို့ အသက်ရှူလိုက်မိတိုင်းမှာ
မင်းကိုလွမ်းနေတယ်

အဝေးက လွမ်းနေသူ

Friday, September 3, 2010

နှစ်သစ်ကူး ဒိုင်ယာရီ

ပြီးတော့ ပြီးခဲ့ပြီ
ဒီလိုအချိန်ရောက်တိုင်းလည်း
အချိန်မှန်သတိရလို့ 
ထိရှလွန်တဲ့ ဝေဒနာတစ်ခု
ဖက်တွယ်ရင်း
နာကျင်ဖွယ် အတိတ်ဟောင်းဆီ
လွင့်မျော်ခဲ့ရ
နှစ်သစ်ကူးမှ ဆိုတဲ့မျှော်လင့်ချက်
နှစ်သစ်ကူးချိန်ဆိုတဲ့ ကတိသစ္စာ
ဘ၀တစ်ခုကို ထိုးအပ်
နှလုံးသား တစ်ခုလုံးကို ရင်းနှီးပြီး
နှစ်သစ်ကူးရင် ဆိုတဲ့ ချိန်မြိန်အတွေးတွေနဲ့ 
အပျော်မြစ်ရေစီးထဲမှာ
ချစ်ခြင်းတွေသာ စီးဆင်းလို့ 
နှစ်သစ်ကူး မျှော်လင့်ချက်နဲ့ 
ကိုယ့်ဘ၀ရဲ့နေ့ သစ်တွေလည်း
အရာရာဟာ လှပလို့ ပေါ့
တကယ်တမ်းနှစ်သစ်ကူးတော့
မျှော်လင့်ခြင်းတွေ ကျိုးပဲ့
အပျော်တွေ ဆိတ်သုန်းလို့ 
ယုံကြည်ထားတဲ့ ကတိသစ္စာလည်း
ပြယ်လွင့်ခဲ့ပြီ
နှလုံးသားတစ်ခုလုံးပါ မီးသင့်ခဲ့ရတဲ့
အဲဒီနှစ်ကူးမှာ အချိန်မီ မင်းကုစားခဲ့
နှလုံးသားကို ပြန်လည်း အသက်ဝင်
အခုတော့ နောက်ထပ်နှစ်သစ်ကူးရင်း
ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်မျှော်နေရင်း---။

မိုင်းတား

Wednesday, September 1, 2010

လွမ်းတယ်ဆိုတာ

နှလုံးသားနှင်ရာ
စိတ်တွေလွင့်နေခဲ့သလား
အိပ်ရေးမ၀တဲ့ညတွေများပြီ
လွမ်းဆွတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုနှိပ်စက်တာနဲ့အတူတူပဲ. . .
ရပ်တန်းကရပ်ပစ်ချင်နေတဲ့
. . . ကို လွမ်းတဲ့နေ့တွေ
တစ်နေ၀င် တစ်နေထွက်
နေကိုလမျို
လကိုနေမျို
ကုန်ဆုံးသွားတဲ့ရက်ပေါင်းသာ
ကြာညောင်းလာတယ်
လွမ်းဆွတ်ခြင်းကိုမရပ်တန့်နိုင်
ရင်ခွင်ထဲ လွမ်းဆွတ်ခြင်းနွယ်တွေ
အမြစ်တွယ်နေပြီလားမသိဘူး. . .
နှစ်ကိုယ်ဝေးနေရတဲ့ဘဝ
အဆုံးသတ်ပါတော့လား
ဘာကြောင့် ဘာကြောင့်
အဖန်တလဲလဲ
လွမ်းဆွတ်နေမိတာလဲ
မစဉ်းစားတတ်တော့ဘူး
တကယ်တော့
လွမ်းဆွတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုနှိပ်စက်တာတူတယ်ဆိုပေမယ့်
ယားကို ကျေနပ်စွာနဲလွမ်းနေမိခဲ့တယ်......။ ။

မိုင်းတား

လွမ်းဖူးပြီ-

ဒူးထောက်ထားပါတယ်
ထာဝစဉ်
လက်မြှောက်ထားပါတယ်
ထာဝရ
အနိုင်ယူချင်ယူပါ
ချစ်မိတာဗွေမယူပါနဲ့
ဖြူစင်ခြင်းနဲ့ပဲ
ချစ်သူသိအောင်ချစ်ခွန်းခြွေမိပြီ. . .
မလာပါနဲ့အဆွေးတို့
ရာသက်ပန်တံခါးပိတ်လိုက်တယ်
ဟန်ဆောင်မှုကင်းမဲ့
အသည်းနှလုံး
မြင်သာအောင်ကြည့်ပါ ရင်ခွင်ထဲ
ယားအတွက်ဆို
အမြဲသစ်လွင်နေမယ့်အချစ်
အစဉ်အမြဲ. . .
မဖြစ်ဖူးတဲ့နက်နဲအောင်လွမ်းတဲ့
အလွမ်း
အခုလွမ်းဖူးပြီ
ယားကြောင့်ပဲ. . . ။ ။

မိုင်းတား --။