Wednesday, September 1, 2010

လွမ်းတယ်ဆိုတာ

နှလုံးသားနှင်ရာ
စိတ်တွေလွင့်နေခဲ့သလား
အိပ်ရေးမ၀တဲ့ညတွေများပြီ
လွမ်းဆွတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုနှိပ်စက်တာနဲ့အတူတူပဲ. . .
ရပ်တန်းကရပ်ပစ်ချင်နေတဲ့
. . . ကို လွမ်းတဲ့နေ့တွေ
တစ်နေ၀င် တစ်နေထွက်
နေကိုလမျို
လကိုနေမျို
ကုန်ဆုံးသွားတဲ့ရက်ပေါင်းသာ
ကြာညောင်းလာတယ်
လွမ်းဆွတ်ခြင်းကိုမရပ်တန့်နိုင်
ရင်ခွင်ထဲ လွမ်းဆွတ်ခြင်းနွယ်တွေ
အမြစ်တွယ်နေပြီလားမသိဘူး. . .
နှစ်ကိုယ်ဝေးနေရတဲ့ဘဝ
အဆုံးသတ်ပါတော့လား
ဘာကြောင့် ဘာကြောင့်
အဖန်တလဲလဲ
လွမ်းဆွတ်နေမိတာလဲ
မစဉ်းစားတတ်တော့ဘူး
တကယ်တော့
လွမ်းဆွတ်တယ်ဆိုတာ
ကိုယ့်ကိုယ်ကိုနှိပ်စက်တာတူတယ်ဆိုပေမယ့်
ယားကို ကျေနပ်စွာနဲလွမ်းနေမိခဲ့တယ်......။ ။

မိုင်းတား

No comments:

Post a Comment