Wednesday, September 1, 2010

လွမ်းဖူးပြီ-

ဒူးထောက်ထားပါတယ်
ထာဝစဉ်
လက်မြှောက်ထားပါတယ်
ထာဝရ
အနိုင်ယူချင်ယူပါ
ချစ်မိတာဗွေမယူပါနဲ့
ဖြူစင်ခြင်းနဲ့ပဲ
ချစ်သူသိအောင်ချစ်ခွန်းခြွေမိပြီ. . .
မလာပါနဲ့အဆွေးတို့
ရာသက်ပန်တံခါးပိတ်လိုက်တယ်
ဟန်ဆောင်မှုကင်းမဲ့
အသည်းနှလုံး
မြင်သာအောင်ကြည့်ပါ ရင်ခွင်ထဲ
ယားအတွက်ဆို
အမြဲသစ်လွင်နေမယ့်အချစ်
အစဉ်အမြဲ. . .
မဖြစ်ဖူးတဲ့နက်နဲအောင်လွမ်းတဲ့
အလွမ်း
အခုလွမ်းဖူးပြီ
ယားကြောင့်ပဲ. . . ။ ။

မိုင်းတား --။

No comments:

Post a Comment