ပြီးတော့ ပြီးခဲ့ပြီ
ဒီလိုအချိန်ရောက်တိုင်းလည်း
အချိန်မှန်သတိရလို့ 
ထိရှလွန်တဲ့ ဝေဒနာတစ်ခု
ဖက်တွယ်ရင်း
နာကျင်ဖွယ် အတိတ်ဟောင်းဆီ
လွင့်မျော်ခဲ့ရ
နှစ်သစ်ကူးမှ ဆိုတဲ့မျှော်လင့်ချက်
နှစ်သစ်ကူးချိန်ဆိုတဲ့ ကတိသစ္စာ
ဘ၀တစ်ခုကို ထိုးအပ်
နှလုံးသား တစ်ခုလုံးကို ရင်းနှီးပြီး
နှစ်သစ်ကူးရင် ဆိုတဲ့ ချိန်မြိန်အတွေးတွေနဲ့ 
အပျော်မြစ်ရေစီးထဲမှာ
ချစ်ခြင်းတွေသာ စီးဆင်းလို့ 
နှစ်သစ်ကူး မျှော်လင့်ချက်နဲ့ 
ကိုယ့်ဘ၀ရဲ့နေ့ သစ်တွေလည်း
အရာရာဟာ လှပလို့ ပေါ့
တကယ်တမ်းနှစ်သစ်ကူးတော့
မျှော်လင့်ခြင်းတွေ ကျိုးပဲ့
အပျော်တွေ ဆိတ်သုန်းလို့ 
ယုံကြည်ထားတဲ့ ကတိသစ္စာလည်း
ပြယ်လွင့်ခဲ့ပြီ
နှလုံးသားတစ်ခုလုံးပါ မီးသင့်ခဲ့ရတဲ့
အဲဒီနှစ်ကူးမှာ အချိန်မီ မင်းကုစားခဲ့
နှလုံးသားကို ပြန်လည်း အသက်ဝင်
အခုတော့ နောက်ထပ်နှစ်သစ်ကူးရင်း
ဆိုတဲ့ မျှော်လင့်ချက်ကို ဆက်မျှော်နေရင်း---။
မိုင်းတား
No comments:
Post a Comment