Thursday, September 16, 2010

ခိုင်မြဲသောချစ်ခြင်း

နေရောင်လာရင် ကွယ်ပျောက်မှာစိုး
ဖြူစင်တဲ့ အေးမျှခြင်းတွေနဲ့
ဘ၀တစ်ခု ချမ်းမြေ့ဖို့
ကိုယ်အနားမှာ အမြဲနေပါလား ယားရယ်။

လောကအလယ် ငိုနေရမှာစိုး
ရှင်းသန့်တဲ့ မင်းရဲ့အားပေးမှုတွေနဲ့
ဘ၀တစ်ခု ပျော်ရွင်စေဖို့
ကိုယ်အနားမှာ အမြဲနေပါလား ယားရယ်။

ခိုင်မာသော အတွေးများနဲ့ 
တို့ အချစ်တွေခိုင်မြဲစေဖို့ 
အချစ်လောက မှာအမြဲသာယာဖို့ 
အဆင့်အတန်းခွဲခြားခြင်းဆိုတာမရှိရင်
အကောင်းသာနော် ယားရယ်။

မိုင်းတား--။

No comments:

Post a Comment